
(ပြည်တွင်း) ဒီဇင်ဘာ ၂၃
လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအတွက် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ဖွင်လှစ်ပေးခဲ့ပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို သတ်မှတ်နေ့ရက်များအတိုင်းပြုလုပ်ခဲ့ကြပါတယ်။
သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ် ရုံးတို့တွင် မဲရုံ ၅၀ ရုံဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီလိုမဲရုံများဖွင့်လှစ်ကာ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြပြီးနောက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။