“ကချင်ပြည်နယ်ရှိ ကောင်းမှုလုံစေတီတော်အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖူးမြော်ကြည်ညို”

(ပြည်တွင်း) ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်သို့ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်နံနက်ပိုင်းက မချမ်းဘော့မြို့နယ်၌ မြတ်စွာဘုရားရှင်၏ ဓာတ်တော် (၃)ဆူကို ဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အားဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရပါတယ်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်တာဝန်ရှိသူများက ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အဆိုပါကောင်းမှုလုံစေတီတော်ဟာ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌တည်ရှိပြီး သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရားရှင် ဓာတ်တော်(၃)ဆူကို ဌာပနာသွင်း၍တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော် အမြင့်ဆုံးစေတီတော် ဖြစ်ပါတယ်။

 မြန်မာနိုင်ငံ၏မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ်ကာလထိ ဗုဒ္ဓသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားဆဲဖြစ်ကြောင်းကို မော်ကွန်းအထိမ်းအမှတ်သဖွယ် တည်ရှိနေသော သမိုင်းဝင်ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်ပါတယ်။ အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ ဆွေးနွေးပွဲများ၊ သုတေသနပိုစတာပြိုင်ပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများကို ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

#PAN