ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

(ပြည်တွင်း) ဒီဇင်ဘာ ၁၈

နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစု များအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများအခြေပြု လုပ်ကိုင်နေသည်ဟု တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါနေရာအနီးတစ်ဝိုက်သို့ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါနေရာအနီးတစ်ဝိုက်သို့ နံနက် ၉ နာရီခွဲချိန်ခန့်တွင် ရောက်ရှိစစ်ဆေးစဉ် မိုးကာတဲအစုအဖွဲ့များအတွင်းရှိ လက်နက်ကိုင်နှစ်ဦးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ပစ်ခတ်မှုများရပ်တန့်သွားချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား ဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင် ၃ ဦးအား AK-47 ၁ လက်၊ M-22 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-၂၂ ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါနေရာအား ဆက်လက်စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံ သား အမျိုးသမီး ၁ ဦးတို့နှင့်အတူ ၎င်းတို့နေထိုင်အသုံးပြုလျက်ရှိသောမိုးကာတဲကြီး ၁၇ လုံးနှင့် ကင်းတဲငယ်များ၊ All in one ကွန်ပျူတာ ၆ လုံး၊ လက်တော့ ၇၀ လုံး၊ ဖုန်းမျိုးစုံ ၁၆၀ လုံး၊ IPad ၁၀ လုံး၊ Router ၁၀ လုံး၊ Modern Stick ၃၇ ခု၊ မီးစက် ၃ လုံး၊ STAR LINK ဗန်း ၁၉ ခု၊ 4 X 4 WHEEL ၂ စီး၊ သရီးကရောင်း ၁ စီး၊ ဆက်စပ် ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PAN