KNU နဲ့ PDF ပူးပေါင်းအဖွဲ့က ရေဖြူမြို့ကို ဝင်ရောက်ပစ်ခတ်မီးရှို့

(ပြည်တွင်း) ဒီဇင်ဘာ ၁၃

ဥပဒေဘောင်အတွင်းဝင်ရောက်ဖို့ပဒေဘောင်းအတွင် တပ်မတော်ကဖိတ်ခေါ်နေပေမယ့်  PDF အကြမ်းဖက်သမားတွေနဲ့ ကရင်လက်နက်ကိုင် KNU တွေက ရေဖြူမြို့အတွင်းပစ်ခတ်ကာ မီးရှို့ဖျက်ဆီးတယ်တွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့ အနောက်ခြမ်းမှာရှိတဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေ ဝန်ထမ်းအိမ်ရာတွေနဲ့ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ် အဆောက်အအုံတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်မှာ လက်နက်ကြီး/ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့​ကြတာဖြစ်တယ်လို့ သိရပါတယ်။

KNU နဲ့ PDF အကြမ်းဖက်တွေက ရေဖြူ မြို့ရဲ့ အနောက်ဘက်
ခြမ်းမှာရှိတဲ့ မြို့မရဲစခန်းကို ပသ်ခတ်နေစဥ် မြို့ တောင်ဘက်ခြမ်းနဲ့ တံတားနေရာမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ကူမလာရောက်နိုင်အောင် ပူးပေါင်းအဖွဲ့နှစ်ဖွဲ့နဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေဟာ မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လာခဲ့တာကြောင့် မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခြင်း၊ ရေဖြူမြို့ရဲ့
အရှေ့တောင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ပစ်ကူပေးခြင်းတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေဟာ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ မြို့ရဲ့
မြောက်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆုတ်ခွာထွက်ပြေးသွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ထပ်ကြပ်လိုက်လံတိုက်ခိုက်ချေမှုန်းနိုင်ခြင်းမရှိစေဖို့နဲ့ တပ်မတော်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေဖို့အတွက် သူတို့ ဆုတ်ခွာရာ လမ်းတစ်လျှောက်မှာရှိတဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊
သစ်တော ဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ ပြည်သူ့ဆေးရုံ၊ ဘဏ်နဲ့ ဝန်ထမ်း အိမ်ရာတွေကို မီးရှို့ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

PDF အကြမ်းဖက်သောင်းကျန်းသူတွေ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတွေ ရုံးသုံး ပရိဘောဂပစ္စည်းတွေနဲ့အရေးကြီး စာရွက်/စာတမ်းတွေ  မီးလောင်ပျက်စီးခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူတွေ ပူးပေါင်းကာ လိုအပ်တဲ့ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆိုပါဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ သိရပါတယ်။

#