မလှိုင်တွင် မူလတန်းပြဆရာမ တစ်ဦးကို PDFတွေက ဖမ်းဆီးခေါ်ဆောင်သွား

(မှုခင်း) ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်ပြီး ကျင်းသာကျေးရွာအခြေခံပညာမူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေသော မူလတန်းပြဆရာမ ဒေါခိုင်ဇံဝေကို ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က PDF အကြမ်းဖက်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

မူလတန်းပြဆရာမ ဒေါခိုင်ဇံဝေကို ရပ်ကွက်ရှိတဲ့ “All Right” စားသောက်ဆိုင်တွင် မိတ်ဆွေဖြစ်သူ အမှတ်(၁)ရပ်ကွက်နေ ဦးကိုကိုအောင်(၅၁)နှစ်နဲ့အတူရှိနေစဉ် pdf လေးဦးကားနဲ့ရောက်လာပြီး ဆရာမဒေါ်ခိုင်ဇံဝေကို ခြိမ်းခြောက်ဖမ်းဆီးသွားတာြဖစ်တယ်လို့ သိရပါတယ်။