PDF အရာရှိတစ်ဦးက ရဲဘော်တစ်ဦးကို ရိုက်နှက်ခဲ့ပြီး အလောင်းကို အစဖျောက်

(မှုခင်း) ဒီဇင်ဘာ ၁

PDF အကြမ်းဖက်က အရာရှိတစ်ဦးဟာ မိမိရဲ့ ရဲဘော်တစ်ဦးကို ရိုက်နှက်ခဲ့ရာက လက်လွန်ပြီး သေဆုံးသွားတာကြောင့် အလောင်းကို မြေမြှုပ်အစဖျောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက် PDF တပ်ရင်းဟာ နေပြည်တော်ရဲ့ တပ်ရင်း ၈၀၂ မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးဆိုသူ ဆရာကျောင်း မိမိတို့တပ်ရင်းက ရဲဘော်တစ်ဦးဖြစ်တဲ့ လွှမ်းမိုးဆိုသူကို ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်အာပေးမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သိရတာဖြစ်ပါတယ်။

သေဆုံးမှုဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ PDF အကြမ်းဖက်အဖွဲ့ရဲ့ ရဲဘော်လွှမ်းပိုင်က ဒရုန်းတပ်ဖွဲ့တစ်ခုမှာ သင်တန်းသွားတက်ပြီး ရဲမေတစ်ဦးကို မုဒိန်းမှုကျူးလွန်မှုနဲ့ ထိပ်တုံးထဲ ထည့်ပြီး ရိုက်နှက်စစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ အဆိုပါသတင်းတွေက ဆိုကြပါတယ်။

အခုလို စစ်ဆေးနေစဥ်မှာ ရဲဘော်လွှမ်းမိုးက ရေဆာလို့ ရေတောင်းသောက်တဲ့အခါမှာလည်း တပ်ခွဲမှူးဆိုသူ ဥက္ကာက ရေပုံးနဲ့ ဖျော်ထားတဲ့ ဆားရည်တွေကို လည်ပင်းကို ခြေထောက်နဲ့ ဖိနင်းကာ လောင်းချပြီးအတင်းတိုက်ခဲ့ပြီး ရေစိုးနေတဲ့ခန္ဓာကိုယ်ကြီးအတိုင်း ထိပ်တုံးမှာပဲ ပြန်ထည့်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီနောက် ရိုက်နှက်စစ်ဆေးနေတဲ့ ၃ ရက်မြောက်နေ့မှာ လွှမ်းမိုးဟာ မိမိမှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာြဖစ်ပြီး သေဆုံးသွားတဲ့ ရုပ်အလောင်းကို စောင်နဲ့ပတ်ပြီး ဒုတပ်ရင်းမှူး ဆရာကျောင်းရဲ့ အမိန့်နဲ့ ရဲဘော် ၈ ဦးက တပ်ရင်းစခန်းဟောင်းရဲ့ တောင်ဘက်ပေ ၃၀၀ ခန့်အကွာမှာ မြေကြီးထဲမှာ သွားရောက်မြုပ်နှံကာ အလောင်းဖျောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါအကြမ်းဖက် တပ်ရင်းက ရဲဘော်ဟောင်းတစ်ဦးရဲ့ တိုင်ကြားချက်အရ ကရင်နီပြည်ရဲဌာန(KSP) အပါအဝင် ကျေးရွာတာဝန်ရှိသူတွေ၊ နယ်မြေခံအကြမ်းဖက်အဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်နေ့က သွားရောက်တူးဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တာဝန်ရှိသူ ဆရာကျောင်း (ခ)ရဲဘော်နိုင်လင်းနဲ့ တပ်ခွဲမှူး ရဲဘော် ဥက္ကာတို့ ၂ ဦးကို ရာထူးကဖြုတ်ချထားပြီး အချုပ်ချထားတယ်လို့ သိရပြီး အအဆိုပါအမှုကို အကြမ်းဖက် PDF စစ်ရုံးချုပ်က ကိုင်တွယ်စစ်ဆေးသွားမှာဖြစ်တယ်လို့ အကြမ်းဖက်မီဒီယာတွေက ရေးသားထားကြပါတယ်။

#PAN