ထီးတင်ပွဲအခမ်းအနားတွင် ပိုက်ဆံကြဲသည်ကိုလိုက်လုရာမှ အမျိုးသားတစ်ဦးခြေချော်ကျပြီး သေဆုံး

(မှုခင်း) မေ ၃၁

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအနောက်ရပ်ကွက်ရှိ ချမ်းသာရစေတီတော် ထီးတင်ပွဲအခမ်းအနားတွင် ပိုက်ဆံကြဲသည်ကိုလိုက်လုရာမှ အမျိုးသားတစ်ဦးခြေချော်ကျပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအနောက်ရပ်ကွက်၊အကွက်(၂၃၂)၊ ၉၀(A)လမ်း၊၂၉×၃၀ လမ်းကြားရှိ ချမ်းသာရစေတီတော်ပေါ်တွင် ကျော်စိုးဝင်း၊၃၇နှစ်၊(ဘ)ဦးညွန့်ဝင်း၊အကွက်(၃၁၂)၊လက်ရွေး မြောက်ပိုင်း၊ဒေးဝန်းအနောက်ရပ် ကွက်နေသူသည် စေတီတော်ထီးတော်တင်အခမ်းအနားတွင် ပိုက်ဆံကြဲသည်ကို လိုက်လုရာမှ စေတီတော် အမြင့်ပေ ၂၀ခန့် စေတီအထိုင်ပေါ်မှ ခြေချော်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ စေတီပေါ်မှ ပြုတ်ကျသူ ကျော်စိုးဝင်းတွင် ဦးခေါင်း ငယ်ထိပ်ဒဏ်ရာရရှိ၍ စေတီအောက် မြေကွက်လပ်တွင် ပက်လက် အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

#PAN