






(ပြည်တွင်း) နိုဝင်ဘာ ၂၈
ဘီလာရုစ်-မြန်မာ ဆက်ဆံရေးအတွက် သမိုင်းဝင်နှစ်တစ်နှစ် ဖြစ်လာခဲ့တယ်လို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို က ဒီနေ့တွေ့ဆုံပွဲမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်းမှာ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို က ပြောဆိုခဲ့တာလို့ ရုရှားသတင်းဌာနက ပြောပါတယ်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို က သူ့အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ပြီး ဒီနေရာကို ရောက်ရှိရခြင်းအတွက် အမှန်တကယ် ဝမ်းမြောက်မိတယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“မတ်လက ဘီလာရုစ်ကို သင်ရဲ့ခရီးစဉ်ဟာ မြန်မာခေါင်းဆောင်တစ်ဦးရဲ့ကျွန်ုပ်တို့နိုင်ငံကို ပထမဆုံးတရားဝင်လာရောက်လည်ပတ်မှုဖြစ်တာကြောင့် ၂၀၂၅ ခုနှစ်ဟာ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်ကြောင်း ကျွန်ုပ်တို့ပြောနိုင်ပါတယ်လို့ ဘီလာရုစ် သမ္မတကပြောကြားလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံတော်ယာယီသမ္မတရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုချစ်ကြည်ရေးရောက်ရှိနေတဲ့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို နဲ့နိုင်ငံတော်ယာယီသမ္မတတို့ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ တွေဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဘီလာရုစ်နိုင်ငံဟာ မြန်မာနိုင်ငံကို နည်းပညာအဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အရာအားလုံးရှိနေသလို
သူ့ရဲ့ မြန်မာနိုင်ငံကို ပထမဆုံးတရားဝင်ခရီးစဉ်ဟာ နိုင်ငံမှာ များစွာအာရုံစိုက်ခံရတယ်လို့လည်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က နိုင်ငံတော် ယာယီသမ္မတကိုပြောဆိုခဲ့တယ်လို့ သိရပြီး ဘီလာရုစ်ဟာ ဒီယုံကြည်မှုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှာကို အာမခံခဲ့တယ်လို့လည်း ဘီလာရုစ်ရဲ့သတင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ဘီလာရုစ်ဟာ မြန်မာနိုင်ငံကို နည်းပညာအဆင့်မြှင့်တင်ဖို့ လိုအပ်သမျှကို ကူညီဖို့ လိုအပ်တယ်”လို့လည်း ဘီလာရုစ် သမ္မတက ပြောကြားထားတယ်လို့ သိရပါတယ်။