
(ပြည်တွင်း) နိုဝင်ဘာ ၂၅
PDF အကြမ်းဖက်သမားတွေကို ဆက်ကြေးပေးပြီး တရားမဝင်ရွှေတူးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မြောက်ချွန်းရွာအနီးက ရွှေမှော်တစ်ချို့ကို လေကြောင်းကနေဗုံးကြဲရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
“မြောက်ချွန်းရွာအနီးက ရွှေမှော်လုပ်ကွက်တွေကို နိုဝင်ဘာလ ၂၅ ရက် ဒီမနက် ၈ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်ချို့ရှိတယ်လို့လည်း အကြမ်းဖက်လော်ဘီမီဒီယာတစ်ချို့က ပြောပါတယ်။
PDF အကြမ်းဖက်သမားတွေကြောင့် ဒေသမတည်ငြိမ်မှုကိုအကြောင်းပြုပြီး လက်နက်ကိုင်တွေကိုငွေကြေးပေးကာ အလွန့်အကျွံရွှေတူးဖော်မှုတွေကြောင့် ဂေဟစနစ်ပျက်စီးမှုတွေအပြင် မြစ်ကြောင်းပျက်စီးမှုတွေ ကမ်းပြိုမှုတွေကို ဒေသခံတွေခံစားနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မင်းကင်းမြို့ ၊ လောင်းပြည့် ကျေးရွာအနီးက ရွှေမျောလုပ်ငန်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါသတင်းတွေအရ သိရပါတယ်။