တာချီလိတ်က ဘီယာဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွား လူငယ်တစ်ဦးသေဆုံး

(မှုခင်း) နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က ဘီယာဆိုင်တစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲ့ဒီပစ်ခတ်မှုအတွင်း လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့၊ဆန်ဆိုင်းခရပ်ကွက်၊အိမ်အမှတ် ၆/၉၆မှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်အတွင်းမှာ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်အချိန်က ဘီယာလာသောက်သုံးနေတဲ့ မောင်ဆက်ဖြိုးအောင် ဆိုသူလူငယ်ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် မောင်ဆက်ဖြိုးအောင်(ဘ)ဦးအောင်ဝင်း မှာ ဦးခေါင်းဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ရင်ဘက်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ လက်မောင်းဗိုက်သားဖောက်ဝင် ဒဏ်ရာ ၅ချက်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအဖွဲ့ကတော့ အမှုပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN