ပုလောမြို့နယ်က ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်စီးခံရ

(မှုခင်း) နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ကနေ(FPTP)စနစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားလှယ်လောင်းတစ်ဦးရဲ့နေအိမ်ကို PDF အကြမ်းဖက်သမားတွေက လာရောက်မီးရှို့ဖျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့  အမှတ် ၃ ရပ်ကွက် ကမ်နားလမ်းမှာရှိတဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇာနည်အောင်ရဲ့ နေအိမ်မီးရှို့ဖျက်စီးခံရတာဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီအချန်ခန့်မှာ PDF အကြမ်းဖက်သမားတွေက လာရောက်မီးရှို့ဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းရဲ့နေအိမ်နဲ့အတူ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း မီးရှို့ခံခဲ့ရတာဖြစ်ပြီး ည၁၂နာရီအချိန်ခန့်မှာ မီးသတ်ယာဉ် ၃ စီးနဲ့ တပ်မတော်သားတွေ မြန်မာနိူင်ငံရဲတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြလို့ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့ထဲကို ဝင်ရောက်မီးရှို့ခဲ့တဲ့ PDF အကြမ်းဖက်တွေဟာ ည ၁၁ နာရီခွဲဝန်းကျင်ခန့်မှာ ပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပြီး အဆိုပါအဖွဲ့တွေပြန်လည်ထွက်ခွာချိန်မှာ  ကိုယ်စားလှယ်လောင်းရဲ့နေအိမ်မှ အယ်ဖာအဖြူရောင်ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသလို အမှတ်  ၃ ရပ်ကွက်  စျေးလမ်းထောင့်မှာစိုက်ထူထားတဲ့ ၈ ပေ ၄ ပေ ရှိ ကိုယ်စားလှယ်လောင်းဗွီနိုင်းဆိုင်းဘုတ် ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

#PAN