ဝေါမြို့နယ်တွင် စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီတွင် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် မှိုင်းဆွေ မောင်းနှင်လာသော ISUZU ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား မန္တလေးမှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိမော်တော်ယာဉ်ကို မန္တလေးမြို့ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မန္တလေးမှ ဘားအံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။