(မှု့ခင်း)နိုဝင်ဘာ ၂၀
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ရန်ကုန် – မန္တလေး မြို့ရှောင်ကားလမ်းပေါ် မိုင်တိုင် (၂၂၁/၂) နှင့်(၂၂၁/၃)ကြား ဘောဂသီရိကားကွင်းအနီး တံတားဖြူတံတားပေါ်မှ တွဲယာဥ်တစ်စီး ချောင်းအတွင်းထိုးကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ၃နာရီခွဲအချိန်က ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းအတိုင်း သကြားစက်မီးပွိုင့်ဘက်မှ ဘောဂသီရိမီးပွိုင့်ဘက် (တောင်မှ မြောက်)သို့ ယာဉ်မောင်း ဆန်းဝင်း၊ ၄၄ နှစ်၊ (ဘ)ဦးသန်းစိန်၊GBS(company)၊ သီလဝါဆိပ်ကမ်း၊ ရဲဘော်ကွက်သစ်၊ ကွက်စိတ်(၅)၊ ကျန်စစ်သားလမ်း၊ (မ/၁၁၆)၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ မောင်းနှင်လာသောယာဉ်အမှတ် 4E/9312၊ JAC အမျိုးအစား၊ အဖြူရောင်ယာဉ် (၁၀)ဘီးခေါင်းတွဲနှင့် ချိတ်ဆွဲလာသော နောက်တွဲအမှတ် TLR 4422၊ အဖြူ ရောင်ချိတ်ဆွဲယာဉ်သည် တံတားဖြူပေါ်အရောက် အချိန်မထိန်းနိုင်ဘဲ ညာဘက်တံတားလက်ရမ်း တိုင်များအား ဝင်ရောက်တိုက်မိပြီး ငလိုက်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ တွဲကားယာဥ်သည် တံတားဝင်ရောက်တိုက်မိသဖြင့် လက်ရမ်း ၁၂၀ ပေခန့်နှင့် 4E/9312၊ JAC အမျိုးအစား၊ အဖြူရောင်ယာဉ် ၁၀ ဘီးခေါင်းတွဲနှင့် TLR 4422၊ အဖြူရောင်ချိတ်ဆွဲယာဉ်တို့ ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ ယာဉ်အားပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်ခဲ့မှုကြောင့် ယာဉ်မောင်း ဆန်းဝင်းအား ဥပဒေအရ အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းမော်တော်ယာဥ်အား ကရိတ်ယာဥ်ဖြင့် ဆယ်ယူခဲ့ကြောင်း သိရသည်။
#PAN