ကျောင်းအပ်လက်ခံရာမှာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်းအထောက်အထားပြသဖို့ မညွှန်ကြားထားဘူးလို့ ရွေးကော်ပြော

2025Election19Nov

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက အပ်နှံခံရာမှာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း အထောက်အထားပြသဖို့မညွှန်ကြားထားဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

တက္ကသိုလ်တချို့မှာ ကျောင်းအပ်နှံတဲ့အခါ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ကြိုတင်မဲပေးထားကြောင်း အထောက်အထား ပြသရမယ်ဆိုတဲ့ တက္ကသိုလ်အချို့ရဲ့ ကြေညာချက်ဆိုပြီး သတင်းတွေမှာ ဖော်ပြတာတွေ့ရတာကြောင့် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်းအထောက်အထားပြသဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားခြင်း ရှိမရှိ သိလိုတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို မီဒီယာတစ်ခုက မေးမြန်းချက်အပေါ် အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့
သင်တန်းတွေအားလုံးကို  နိုဝင်ဘာ ၁၇ ရက်ကစလို့ ကျောင်းအပ်လက်ခံတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန​တွေက တာဝန်ယူဖွင့်လှစ်တဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာတက်ရောက်ကြရမယ့် ကျောင်းသား၊ ကျောင်းသူတွေ  သက်ဆိုင်ရာကျောင်းတွေကို မသွားရောက်မီ ၁၇ – ၁၁ – ၂၀၂၅ ရက်နေ့ကနေ ၂၁ – ၁၁ – ၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာ
ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေမှာ သတ်မှတ်ချိန်အတွင်း ကြိုတင်မဲပေးနိုင်​ရေး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကျောင်းအပ်လက်ခံရာမှာလည်း ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း အထောက်အထားပြသဖို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတာမရှိပါဘူးလို့  ပြန်လည်ဖြေဆိုထားပါတယ်။

#PAN