

(ပြည်တွင်း) နိုဝင်ဘာ ၂၀
ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းဆွေးနွေးပွဲနဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲကို အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ပါတီရဲ့သဘောထားမူဝါဒကြေညာချက်ထွက်ပေါ်လာဖို့အတွက် လွန်ခဲ့တဲ့ သုံးနှစ်တာကာလကစပြီးတော့ ပါတီဌာနချုပ်မှာ ပါတီအကြီးအကဲတွေက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နိုင်ငံတော်မှာရှိနေတဲ့ကဏ္ဍအသီးသီးနဲ့ဖြစ်ပေါ်တိုးတက်မှုအားလုံးကို လေ့လာသုံးသပ်မှုတွေပြုလုပ်ခဲ့တယ် ပြည်တွင်းပြည်ပက ပညာရှင်တွေ အငြိမ်းစားအစိုးရဝန်ထမ်းတွေ စတာတွေကို ဌာနချုပ်ကိုခေါ်ယူပြီးဘာသာရပ်တစ်ခုချင်းအပေါ်မှာ အသေးစိတ်အချိန်ယူဆွေးနွေးခဲ့ကြတယ်လို့ ဦးခင်ရီကပြောပါတယ်။
ဒိဆွေးနွေးချက်တွေအပေါ်မူတည်ပြီး ဌာနချုပ်အတွင်းမှာ ဗဟိုအလုပ်အမှုဆောင်အတွင်းအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမှာ ပါတီတွင်းမှာ ပါသာရပ်ဆိုင်ရာ အသေးစိတ်ပြန်လည်လေ့လာခြင်းတွေဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒိအပါ်မူတည်ပြီးမှ အခု ပါတီရဲ့ကတိကဝတ် ပါတီရဲ့မူဝါဒဆိုင်ရာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ် ပါတီရဲ့ဂတိကဝတ်ဆိုတဲ့ Manifesto ကို Timeframe တွေနဲ့အတူရေးဆွဲနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။