(မှုခင်း) နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၆၉/၇၀ လမ်းကြား၊ ၃၉/၄၀ လမ်းကြားရှိ ကိုးဖူးရှင်ဘုရားဝန်းအတွင်းတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဗုံးသီး ၅ လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကိုးဖူးရှင် ဘုရားဝန်းအတွင်းရှိ ရေမြောင်းအား အမှိုက်သရှိုက်များ ဆည်ယူနေသော ဦးစိုးသူဟန်၊ အသက် ၃၅ နှစ်၊ (ဘ)ဦးမောင်ခိုင်၊ ၆၈ လမ်း၊ ၄၀/၄၁ လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက်နေသူမှ မြက်ရှိုင်းများအာ တံစဉ်ဖြင့်လှီးဖြတ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိ ဗုံးသီးများမှာ အီနာဂါ(၃)လုံး နှင့် ၄၀ မမ ဗုံးသီး (၂)လုံးဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့ထံ အပ်နှံထားရှိကြောင်း သိရှိရသည်။
#PAN