(စီးပွားရေး) နိုဝင်ဘာ ၁၅
နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမယ့် စားအုန်းဆီရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်ဈေးမှာ တစ်ပိဿာကို ငွေကျပ် ၆,၃၅၅ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တာအတွင်း တစ်ပိဿာနှုန်းဟာ ငွေကျပ် ၆,၄၁၀ သတ်မှတ်ခဲ့ပြီး ယခုတစ်ပတ်အတွက် စားအုန်းဆီဈေးမှာ ယခင်တစ်ပတ်ထက် ၅၅ ကျပ် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလတွင်း အခြေခံဈေးမှာ တစ်ပိဿာဈေးနှုန်းဟာ ငွေကျပ် ၆,၅၈၅ သတ်မှတ်ထားခဲ့ပြီး နိုဝင်ဘာလပထမအပတ်ကစပြီး ဈေးအနည်းငယ်ကျဆင်းလာခဲ့ကာ ပထမပတ်မှာ ငွေကျပ် ၆,၄၀၀၊ ဒုတိယပတ်မှာ ငွေကျပ် ၆,၄၁၀ အဖြစ် သတ်မှတ်ထားရှိခဲ့ပါတယ်။
စားအုန်းဆီတွေကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားမယ့်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။
#PAN