ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့နှိပ်လိုက်ရင် နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကြေပြီလို့ ပြင်ဦးလွင်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးမဲဆွယ်

(ပြည်တွင်း) နိုဝင်ဘာ ၇

အစိုးရဖွဲ့နိုင်ဖို့အားအောင်းနေတဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံအနှံ့အပြားမှာမဲဆွယ်စည်းရုံးရေးတွေကိုလု​​ပ်ဆောင်နေကြသလို ပါတီအချို့ကလည်း မဲဆွယ်မှုတွေရှိနေပါတယ်။

ခုလိုမဲဆွယ်စည်းရုံးမှုတွေပြုလုပ်တဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ ပြင်ဦးလွင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဥ်ပြိုင်မယ့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ထွန်းဦးလည်းပါဝင်ပါတယ်။

ဦးမြထွန်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေနယ်ဖြစ်တဲ့ ပြင်ဦးလွင်မြို့နယ်က ဝါးပိုးရေကျေးရွာနဲ့ အင်သာကျေးရွာတွေမှာ မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးမှုတွေထဲမှာ စက်ခလုတ်နှိပ်မဲအေးစက်နဲ့ပတ်သက်ပြီး ဘယ်လိုမဲပေးရမလဲဆိုတာရှင်းလင်းတင်ပြချိန်မှာ “ခြင်္သေ့ရုပ်လေးတွေ့ရင် ဘေးကခလုတ်လေးကိုလက်ညှိုးနဲ့နှိပ်လိုက်ရင်ပြီးပြီ ဒါဆိုရင်နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကြေပြီ”လို့သူကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် “ကျွန်တော်တို့ကြိုးစားချင်ပါတယ်။ လုပ်ပေးချင်ပါတယ်။ လုပ်ပေးချင်တဲ့စိတ်ဆန္ဒတွေရှိပါတယ်။ စေတနာလည်းရှိတယ် ကျွန်တော့မှာဗဟုသုတလည်းပြည့်ပြည့်စုံစုံရှိပါတယ်။ ဒါတွေက အလကားနေရင်းနဲ့ ဘာမှအသုံးမချရပဲနဲ့ နိုင်ငံတော်အတွက်ဘာမှအသုံးမချရပဲနဲ့ ကိုယ့်ရဲ့ပြင်ဦးလွင်မြို့နယ်အတွက် ကိုယ်ရဲ့ဒေသအတွက် ဘာမှအသုံးမချရပဲနဲ့ အလဟသ ဖြစ်မသွာစေချင်ဘူး ဒါကြောင့် ကျွန်တော်ရွေးချယ်ရတာဖြစ်တယ်”လို့ ဦးမြထွန်းဦးက မဲဆန္ဒရှင်တွေကိုပြောပါတယ်။

​မိဘပြည်သူတွေဆီကနေပြီးတော့ ဆန္ဒမဲရွေးချယ်လိုက်တဲ့အပေါ် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားပါမယ်လို့လည်း သူက ကတိပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

“၂၀၁၀ ၂၀၁၅ ကြားထဲဲမှာ ပြည်ခိုင်ဖြိုးပါတီက အောင်မြင်မှုတွေအများကြီးရခဲ့သလို လူတိုင်းဖုန်းကိုင်နိုင်ခဲ့တဲ့အပြင် ကျန်တဲ့လုပ်ငန်းတွေလည်း အများကြီးတိုးတက်အောင်လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီရဲ့အဆင့်အတန်းတစ်ခုကိုရောက်ရှိနေပြီဖြစ်တယ်။ ပိုကောင်းအောင် ကြိုးစားကြဖို့ရှိတယ်။ ကျွန်တော်နိုင်ငံကြီးကိုပိုမိုခိုင်မာအောင်လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်သည် ​ပိုမိုခိုင်မာပြည်မြန်မာ ဖြစ်တယ်။ နိုင်ငံတော်ကြီးကိုအားလုံးနဲ့ ပိုမိုခိုင်မာအောင်တည်ဆောက်ကြဖို့ အားလုံးလက်တွဲပြီးဆောင်ရွက်ကြဖို့ဆန္ဒရှိတယ်”လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာလမှာအပိုင်း(၁) ဇန်နဝါရီလမှာအပိုင်း(၂) နဲ့အပိုင်း (၃) တွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲတွေကိုကျင်းပသွားမှာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာဝင်​ရောက်ယှဥ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။