(စီးပွားရေး) နိုဝင်ဘာ ၆
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ပြည်ပသို့ ရေထွက်ကုန်တန်ချိန် နှစ်သိန်းခန့် တင်ပို့ထား ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၉ဝ,၅၆၇ ခန့် တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့သည်။
ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များ ဖြစ်တဲ့ ငါး၊ ပုစွန် များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် စတဲ့ နိုင်ငံပေါင်း ၄ဝကျော်သို့ တင်ပို့လျက်ရှိသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
#PAN