ရက်ပေါင်း ၅၀ ကျော်သာကျန်တော့ ရွေးကောက်ပွဲမဲဆွယ်ကာလ ပါတီတွေ ငြိမ်သက်နေ

(ပြည်တွင်း) နိုဝင်ဘာ ၅

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာဟာ ရက်ပေါင်း ၅၃ ရက်သာကျန်တော့ပေမယ့် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ ငြိမ်သက်နေဆဲဖြစ်တယ်လို့ မဲဆန္ဒရှင်တွေကပြောပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ ကနေ စတင်ခွင့်ပြုထားပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ကနေ အပိုင်းလိုက်ကျင်းပမယ့်ရက်တွေအထိ Silent Day ဖြစ်ပါတယ်။

ကမ်ပိန်းကာလ မဲဆွယ်စည်းရုံးမှုတွေကို  စီတန်းပြီးလှည့်လည်ပြီးမဲဆွယ်တာတွေကို လုံခြုံရေးအရခွင့်မပြုထားပေမယ် လက်ကမ်းစာစောင် ဝေတာတွေ ဟောပြောစည်းရုံးတာတွေကို လုံခြုံရေးအရ သတ်မှတ်ထားတဲ့နေရာတွေမှာပဲပြုလုပ်ခွင့်ပေးထားတယ်လို့ နိုင်ငံ​ရေးပါတီတစ်ချို့ကပြောပါတယ်။

ဒါ့အပြင် စည်းရုံးဟောပြောတဲ့နေရာမှာ အခြား ပါတီ​တွေကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေကို ရှောင်ရှားကြဖို့ ရွေးကော်က သတိ​ပေးထားတယ်လို့လည်း သိရပါတယ်။

“ပါတီစည်းရုံးရေးလုပ်ဖို့ ရွေးကော်ကို တစ်ပတ်ကြိုပြီးတင်ထားတယ်။ ရပ်ကွက်မှာထဲ ဟောပြောမယ့်နေရာကို လူစုပြီးတော့ မဲဆွယ်တာတွေလုပ်နေတယ်။ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့လှည့်လည်တာတွေမရတော့ ငြိမ်နေတယ်လို့ဆိုနိုင်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ ကိုယ်စားလှယ်လောင်းတွေ နေ့စဥ် မဲဆွယ်စည်းရုံးမှုတွေရှိပါတယ်”လို့ မန္တလေးပြည်ခိုင်ဖြိုးက ရပ်ကျေးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။

၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို တသ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီ ၆ ခု ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို ပြည်နယ်နဲ့ တိုင်းအဆင့်အနေနဲ့ ၅၁ ပါတီ ရှိပြီး စုစုပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

“ကျွန်တော်တို့တွေ့တာတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတွေမှာတော့ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်းတွေ နေရာတော်တော်များဆင်းပြီး မဲဆွယ်နေတာတွေ့ရတယ်။ ပြီးတော့ PPP လုံးလည်း နည်းနည်းတွေ့ရတယ်။” ကျန်တဲ့ပါတီကတွေကတော့ သိပ်မတွေ့ရဘူးလို့ Online သုံးစွဲသူတစ်ဦးက PAN ကိုပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ် ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်စာရင်းတင်ခဲ့ကြပေမယ့် ကိုယ်စားလှယ်လောင်းတချို့အ​ရည်အချင်းပျက်ယွင်းမှုတွေကြောင့် ရွေးချယ်ခွင့်မရခဲ့ကြတာတွေလည်း ရှိနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ပြိုက်ဘက်မဲ့ကိုယ်စားလှယ် ၂၈ ယောက်ရထားပြီး ကျားဖြူလို့လူသိများတဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁ ဦးနဲ့ ဝ အမျိုးသားပါတီနဲ့ အာခါအမျိုးသားဖွ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၁ ဦးစီ ရရှိထားပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ်ပေါင်း ၁၀၂ နဲ့ ဒုတိယပိုင်းမှာတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တတိယပိုင်းကိုတော့ ကျန်တဲ့ မြို့နယ်တွေ မှာ ကျင်းပသွားမယ်လို့ ကျင်းပမယ့်ရက်ကိုဆက်လက်ထုတ်ပြန်မယ်လို့ UEC ကပြောဆိုထားပါတယ်။

#PAN