(မှု့ခင်း) နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊၇၄×၇၆ လမ်းကြားရှိ ငါးကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက် ၈နာရီအချိန်ခန့်က အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက် ၁လမ်း× ၃လမ်းကြားတွင်နေထိုင်သည့် ဦးကျော်မိုး၊၅၀နှစ်၊(ဘ)ဦးကျော်ခင် သည် ဦးငယ်လေးပိုင် ဆိုင်သော(လူမနေသည့်) အလျား ၁၀၀ပေ၊အနံ ၅၀ပေ၊အနက် ၈ပေခန့်ရှိသော ငါးကန်အတွင်း ရေကြက်ဆင်းဖမ်းရာမှ ရေနစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်သည့်နောရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ရှာဖွေကယ် ဆယ်ရေးအဖွဲ့များ၊လူမှုကူညီရေးအသင်းမှအဖွဲ့ဝင်များ၊ပတ်ဝန်း ကျင်ရှိ ပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၀နါရီခွဲ အချိန်ခန့်တွင် ဦးကျော်မိုး၊၅၀နှစ်(ဘ)ဦးကျော်ခင်အား သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#PAN