(မှုခင်း) နိုဝင်ဘာ ၃
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွေမှာ နိုဝင်ဘာ ၂ ရက်နေ့က မီးလောင်မှုတစ်ကြိမ်စီဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့ ပြည်တော်သာရပ်ကွက်မှာ နိုဝင်ဘာ ၂ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကို ဟားခါးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အတူ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရွှေလေးကျေးရွာမှာ
နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို စလင်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
#PAN