မင်းလှက ကျောင်းအုပ်ကြီးအပါအဝင် ၁ နှစ်အရွယ်ကလေးငယ်နဲ့ကျေးရွာသား ၂ ဦးကို  PDF ဖမ်းဆီး

(ပြည်တွင်း) နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာက ရပ်မိရပ်ဖတစ်ဦး အမျိုးသမီးတစ်ဦးနဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအပါအဝင် ၁ နှစ်အရွယ်ကလေးငယ်တစ်ဦးကို PDF အကြမ်းဖက်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

PDF အကြမ်းဖက် ၁၀ ဦးခန့်ဟာ  အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၄ နာရီခွဲအချိန်က အဆိုပါကျေးရွာကိုရောက်ရှိလာပြီး အကြောင်းမဲ့ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်တွေနဲ့လာဖမ်းသွားတာပါ” လို့ကျေးရွာသားတစ်ဦးအတည်ပြုထားပြီး ဘာကြောင့်လာရောက်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရဘူးလို့လည်း သူကပြောပါတယ်။

PDF တွေဟာ ရပ်မိရပ်ဖ ဦးစိန်အောင်(၆၃)နှစ်၊ ဦးထွန်းအေး(၄၈)နှစ်၊ စက်စက်ယိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဝင်း(၄၅)နှစ်၊ မနွယ်နွယ်ဝင်း(၃၆)နှစ်နဲ့သူ့ရဲ့ သမီးဖြစ်သူ တစ်နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦးကို PDF တွေကဖမ်းဆီးသွားကြတာလို့လည်း သိရပါတယ်။

PDF တွေရဲ့ဖမ်းဆီးမှုကိုခံရတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ငါးဦးတို့ကိုပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

#PAN