လေဆင်နှာမောင်းကြောင့် သံလျင်မှာ ဆိတ်အကောင် ၃၀ သေဆုံး

(မိုး/ဇလ) နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှာ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ဆိတ်ခြံတစ်ခုက ဆိတ်အကောင်ရေများစွာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သန်လျင်မြို့နယ် အုပ်ဖိုစု ရထားလမ်းအရှေ့ဘက်မှာရှိတဲ့ ဆိတ်ခြံကို နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိတာမရှိပေမယ့် ဆိတ်အကောင် ၃၀ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။


အခင်းဖြစ်ရာကို လောကအလင်း လူမှုကူညီကယ်ဆယ်​ရေးအသင်းက ကူညီကယ်ဆယ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

#PAN