“ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့က အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူ”

(နိုင်ငံတကာ) နိုဝင်ဘာ ၁

ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် အောက်တိုဘာလ ၃၀ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့ကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခြင်းကြောင့် တူကီယဲနိုင်ငံနှင့် ကာတာနိုင်ငံတို့၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံမှတာဝန်ရှိသူများက အစ္စတန်ဘူမြို့၌ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပဋိပက္ခဖြစ်ပွားနေသည့် နှစ်နိုင်ငံမှတာဝန်ရှိသူများက ယခင်ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့များကို ဖွဲ့စည်းသွားရန် သဘောတူ ထားကြောင်းသိရသည်။

#PAN