(မှု့ခင်း) အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအုပ်စု၊ တော်လှကျေးရွာ၊ ပြင်ဦးလွင်-ထုံးဘိုကားလမ်းဘေးရှိ ယာဉ်ပြုပြင်ရေးခြံတွင် အောက်တိုဘာ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ၂၀×၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ ၁ ထပ် စတိုခန်းအတွင်း သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲပြီး မီးပွားထွက်ရာမှ အနီးရှိထရံနှင့် အောက်ရှိ Sound Box များပေါ်သို့ မီးကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် မော်တော်ယာဥိ ၄ စီးနှင့် ၂၀×၃၀ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ ၁ ထပ်၊ စတိုခန်းမီးလောင်ဆုံးရှုံးခဲ့ပြီးရကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ကိုအောင်မင်းဇော်(ခြံတာဝန်ခံ)၊ ၄၀ နှစ်၊ (ဘ)ဦးမြကျော်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN