

(မှုခင်း) အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အောင်မေတ္တာ(၂)လမ်း၊ အမှတ်(၅၈)နေအိမ်တွင် ယနေနံနက်၉နာရီအချိန်က မီးလောင်မှုဖြစ်ပွား ကြောင်းသတင်း
မီးလောင်မှုဖြစ်စဥ်မှာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်မေတ္တာ(၂)လမ်း၊ အမှတ်(၅၈/ခ)နေ ဒေါ်မြင့်မြင့်ကြည် (၆၄)နှစ် (ဘ)ဦးကျော်စိုးနေထိုင်သည့် ၃၀ x ၁၆ရှိ ပေ ပျဉ်ထောင်/သွပ်မိုး/အုတ်ကာ (၂)ထပ်အိမ်တွင် ၃ မိနစ်ရေနွေးအိုးတည်ရာမှအပူလွန်ကဲပြီးမီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ ရောက်ရှိပြီး ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကာ နံနက်၉နာရီ၂၀မိနစ် အချိန် တွင်မီးငြိမ်းခဲ့သွားခဲ့သည်
လောင်ကျွမ်းမှုကြောင့် ဒေါ်မြင်မြင်ကြည်၏ နေအိမ်အပါဝင် နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့ရာဆုံးပြီး လူ/တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်ကြည်အား ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။