ချမ်းမြသာစည်မြို့နယ်တွင် အသက် ၈၀ သ ကျော် အမျိုး သမီးတစ်ဦး တူနှင့် ထုသတ်ခံရ

(မှူ့ခင်း) အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်တွင် အောက်တိုဘာ ၂၆ ရက်နေ့ နေ့နံနက် ၉ နာရီအချိန်ခန့်က အမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ နေ့နံနက် ၉ နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၀(B)လမ်း၊ ၁၀၇×၁၀၈ လမ်းကြား၊ ဆ၂/၁၇၂၊ RC(၂)ထပ်ခွဲတိုက် နေအိမ်အတွင်းတွင် ဒေါ်ခင်စိုးမြင့်၊ ၈၄ နှစ်၊ (ဘ)ဦးလူတင်၊ စာကြည်တိုက်မှုး(ငြိမ်း)မှာ မြေညီထပ် ဧည့်ခန်းရှိ ပလပ်စတစ်ထိုင်ခုံပေါ်၌ ထိုင်လျက်အနေ အထားဖြင့် ဦးခေါင်းတွင် ရိုက်နက်ထုရိုက်ထားခံထားရကာ ပေါက်ပြဲ/စုတ်ပြဲ ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး၊ ဒေါ်အေးအေးခိုင်၊ ၃၆ နှစ်၊ (ဘ)ဦးဖိုးတုတ်၊ မှီခိုမှာ ဧည့်ခန်းရှိကုတင်ပေါ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ/စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ-နားထင် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ-ဂျိုစောင်းနောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဖြင့် တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဥ်ဖြစ်ပွားရာနေရာအနီးမှ သံရိုးတပ် သံတူတစ်ချောင်း တွေ့ရှိရကြောင်း၊ တာဝန်ရှိသူများမှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့အား မန္တလေး ပြည်သူဆေးရုံကြီးသို့ ပေးပို့ထားရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ တရားခံဖမ်းဆီးရမိရေး စုံစမ်း​ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN