မင်းတုန်းမြို့နယ်၌ အကြမ်းဖက်သမား PDF များက ရာအိမ်မှူး တစ်ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်

(မှုခင်း) အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ သရက်အုပ်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးအား အောက်တိုဘာ ၂၃ ရကနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမား PDF များက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွာကြောင်း သိရသည်။

ဖြစ်စဉ်တွင် မင်းတုန်းမြို့နယ်၊ သရက်အုပ်ကျေးရွာနေ ရာအိမ်မှူး ဦးသက်နိုင်လင်း၊ ၃၅ နှစ်သည် မင်းတုန်းမြို့သို့ သွားရောက်ရန် ဒလယ်ပြင်ကျေးရွာအနီး ပုသိမ်-မုံရွာသွားကား လမ်းဘေး၌ ကားကြုံစောင့်နေစဉ် အကြမ်းဖက်သမား PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာ သည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN