(မှုခင်း) အောက်တိုဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ အောက်တိုဘာ ၂၂ ရက်နေ့က နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်ဖြူအေးငြိမ်း(ခ)မဝိုင်း၊ ၃၇ နှစ်၏ နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဖြူအေးငြိမ်း(ခ)မဝိုင်း အား လယ်ဝေးမြို့မရဲစခန်း (ပ)၁၉၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။