မြစ်ငယ် အထကကျောင်းဝန်းအတွင်း ဓါးထိုးမှုဖြစ်ပွားခဲ့ရာ ကျောင်းသူ ၂ဦး၊ ကျောင်းသား ၁ဦးတို့ ဒဏ်ရာများ ရရှိ

(မှုခင်း)အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊မြစ်ငယ် (အထက) ကျောင်းဝန်း၌ ကျောင်သားတစ်ဦးနှင့် ကျောင်းသူနှစ်ဦး ဓါးထိုးခံရမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းတည့် ၁၂နာရီ၄၅မိနစ်အချိန်က ဝိုင်းဝိုင်းဆိုသူမှ ညီမဖြစ်သူအား အအေးဘူးပေးမည်ဟုဆိုကာ ကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီး မစုမြတ်နိုးဦး၊၁၆နှစ်၊(ဘ)ဦးဘုန်းမြင့်နိုင်၊ဝဲကြီးဆင်ရွာ၊Grade-11 (ဝိဇ္ဇာတွဲ) B-အခန်းတွင် ပညာသင်ကြားနေသူအား လည် ပင်းညှစ်ကာ ဓါးဖြင့်ထိုးခဲ့သဖြင့် မစုမြတ်နိူးဦးတွင် ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ချက်၊ဝင်‌ရောက်ဆွဲသူ မရွှေစင်ငြိမ်း၊၁၇နှစ်၊(ဘ)ဦးသိန်သန်းဇော်၊Grade-11၊မြစ်လောင်းနေသူတွင် ယာဘက်လက်ခုံ ပြတ်ရှဒဏ်ရာ ၁ချက်၊ယာဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၁ချက်နှင့် မောင်ဝင်းထွန်းမျိုး၊၁၈နှစ်၊(ဘ)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးမျိုးဝင်း၊Grade-11၊စပါယ်ရပ်ကွက်၊မြစ်ငယ်မြို့နေသူတွင် ဝဲဘက်လက် ခုံ ပြတ်ရှဒဏ်ရာ ၁ချက်၊ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၁ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း ကနဦးသတင်းအား သိရရှိသည်။