



(မှုခင်း)အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ကန်လှကျေးရွာအနီးတွင် ယနေ့၁နာရီ၄၅မိနစ်အချိန်က ဆီဘောက်ဆာယာဉ်(၁)စီးနှင့် Light Truck (၁)စီးတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မကွေးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် ကျား(၃)ဦး၊ မ(၁)ဦးနှင့် ကလေးငယ်(၁)ဦး သေဆုံးတို့အား မြေပြင်လူမှုကူညီရေးအသင်း၊ KS လူမှုကူညီရေးအသင်းနှင့် ရောင်စုံလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် မကွေးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။