ကလေးမြို့တွင်းကို PDF က အသေခံဒရုန်းနဲ့တိုက်ခိုက်အရပ်သား ၂ ဦးဒဏ်ရာရ

(ပြည်တွင်း) အောက်တိုဘာ ၂၀

ကလေးမြို့က ဒေသခံပြည်သူ ၂ ဦးဟာ ဒီနေ့မနက်ပိုင်းမှာ PDF အကြမ်းဖက်တွေပစ်လွှတ်လိုက်တဲ့  အသေခံဒရုန်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်က ဒေသခံ ဦးထန်ရှန်းခိုင် ၃၄ နှစ်နဲ့ ဒေါ်ပန်ကီး ၅၀ နှစ်တို့မှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့တာဖသြ်တယ်လို့ သိရပါတယ်။

PDF အကြမ်းဖက်သမားတွေဟာ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၃၀ ခန့်မှာ Suicide Drone ကို ကလေးမြို့ရဲ့  အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ နဂါးဗွက်ကျေးရွာအနီးကနေလွှတ်တင်ပသ်ခတ်တာလို့ လုံခြုံရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ္ဏ်ရာရရှိသူတွေကို ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုမှုပေးထတယ်လို့ သိရပါတယ်။

#PAN