(ပြည်တွင်း) အောက်တိုဘာ ၁၉
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်းစစ်စခန်းကို အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းက စွယ်တော်စခန်းဟာ ဗျူဟာမြောက်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကရင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ KNU လက်အောက်ခံ KNLA နဲ့ KNLA/PDF ပူးပေါင်းထားတဲ့ Cobra အဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်ရဲ့ပြောဆိုချက်အရ မြဝတီတောင်ဘက်ခြမ်းကို တပ်မ ၂၂ လက်အောက်ခံတပ်တွေက ဝင်ရောက်ရှင်းလင်းနေပြီး မြဝတီ – ကော့ကရိတ်အာရှလမ်းကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ မြဝတီ ကော့ကရိတ်ဒေသတစ်ခုလုံးပြန်လည်ထိန်းချုပ်နိုင်ရေးဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လေးကေ့ကော်တိုက်ပွဲအတွင်နှစ်ဖက်ထိခိုက်မှုတွေရှိသလို ဆယ်နဲ့ချီတဲ့ KNLA/PDF သေဆုံးမှုတွေရှိခဲ့တယ်လို့ တစ်ဖက်သတင်းတွေကိုကိုးကားပြီး သတင်းအရင်းအမြစ်ကပြောပါတယ်။
#PAN