ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြံ့ခိုင်ရေးကိုယ်စားပြုပြီး မြစ်ကြီးနားမဲဆန္ဒနယ်က ဝင်ပြိုင်မယ်

(ပြည်တွင်း) အောက်တိုဘာ ၁၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဟာ ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

ဒီ​နေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းကစတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း​ကြေညာချက် ပုံစံ(၁၀)၊ ပုံစံ(၁၀-က)နဲ့ ပုံစံ(၁၀-ခ) တွေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲခွဲရုံး၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲရုံးတွေမှာ ကပ်ထားကြေညာပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဟာ ကချင်ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မြစ်ကြီးနားမဲဆန္ဒနယ်မှာဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၆၆ နှစ်သာရှိသေးတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဟာ ကချင်လူမျိုး ခရစ်ယာန်
ဘာသာဝင်ဖြစ်ပြီး မိုးကောင်းမြို့နယ်သားတစ်ဦးဖြစ်သလို  B.Sc(Zoo), Dip in Agri, D.Min (Diploma of ministry) နဲ့လည်းဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရပြီး ယနေ့အထိတာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ပြည်ခိုင်ဖြိုး၊ တစည၊ ပြည်သူ့ရှေ့ဆောင်၊ ဒီမိုကရေစီပါတီသစ်ကချင်၊ (တိုင်းလိုင်)ရှမ်းနီ၊ တောင်သူလယ်သမား စတဲ့နိုင်ငံရေးပါတီတွေအပြင် တသီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးလည်းဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေမှာ စက်တင်ဘာလ ၈ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်အထိ အမည်စာရင်းတင်သွင်းခဲ့ပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ​တွနဲ့အညီ စိစစ်တာ​တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

စိစစ်လက်ခံအတည်ပြုထားတဲ့ သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ ကပ်ထားကြေညာပေးထားတယ်လို့ သိရပါတယ်။

#PAN