လိုင်ဇာ အသေခံဒရုန်းနဲ့ ပစ်ခတ်ခံရတယ်လို့ KIA ပြော

(ပြည်တွင်း) အောက်တိုဘာ ၁၇

ကချင်လက်နက်ကိုင်တပ် KIA ရဲ့ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းကို အသေခံဗုံးတစ်စီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ KIA က ပြောပါတယ်။

KIO/KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်ယံအချိန်မှာ အသေခံဒရုန်း ပစ်ခတ်လို့ ဈေးသည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Telegram လော်ဘီချန်နယ်တစ်ခုကအတည်ပြုပြောဆိုထားပါတယ်။

လိုင်ဇာကို စစ်တပ်ကအသေခံဒရုန်းနဲ့ပစ်ခတ်တယ်လို့ KIA ရဲ့လော်ဘီချန်နယ်တွေမှာ ပြောဆိုထားတဲ့အပေါ် စစ်ရေးကျွမ်းကျင်သူတစ်ဦးက “တပ်က လိုင်စာနဲ့မိုင်၄၀ လောက်အကွာအဝေးမှာရှိနေတာ ဒီအကွာအဝေးကို ဒရုန်းဘယ်လိုသွားတယ်ဆိုတာကျွန်တော်နားမလည်ဘူး။ တပ်မှာ ဒီလောက်အကွာအဝေးအထိ အသေခံဒရုန်းသွားနိုင်တဲ့နည်းပညာရှိနေပြီလားဆိုတာ စဥ်းစားစရာပဲလို့ သုံးသပ်ပြပါတယ်။

သေဆုံးသူတွေဟာ စျေးလာရောင်းတဲ့ တရုတ်နိုင်ငံသား လင်မယားဖြစ်ပြီး လမ်းထောင့်မှာ အိပ်နေတဲ့အချိန် ခေါင်းရင်းနားကျလို့ ထိခိုက်ဒဏ်ရာ ရလို့ပြောဆိုထားတဲအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လိုင်ဇာအနီးကို စစ်တပ်က အသေခံဒရုန်းနဲ့ ၃ ကြိမ်ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ အဲဒီတယ်လီဂရမ်ချန်နယ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က တပ်မတော်နဲ့ KIA တို့အ​ကြား စစ်ပွဲတွေဖြစ်ပွားခဲ့စဥ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို တပ်မတော်ကသိမ်းပိုက်နိုင်တဲ့အခြေအနေရှိခဲ့ပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ သဘောထားကြီးမှု ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကြောင့် တပ်တွေဟာ လိုင်ဇာမြို့အနီးကနေပြန်လည်ဆုတ်ခွာခဲ့ရဖူးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#PAN