ပြည်တွင်း မက္ကဒေးမီးယား တရုတ်ကို ရောင်းချမည်

(စီးပွားရေး) အောက်တိုဘာ ၁၈

ရှမ်းပြည်နယ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းကထွက်ရှိတဲ့ မက္ကဒေးမီးယားသီးတွေကို တရုတ်နိုင်ငံကိုတင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

မက္ကဒေးမီးယားသီး​တွေ တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်က စတင်ကာ မြန်မာအစိုးရ နဲ့ တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တို့အကြား သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

မက္ကဒေးမီးယားသီးနှံတွေတင်ပို့ရာမှာ GACC အဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိဖို့လိုအပ်ပြီး တင်ပို့ဖို့ပြုပြင်ရာမှာလည်း မှိုတက်နေတဲ့အစေ့တွေနဲ့ အခွံတွေ ပေါင်းပင်မျိုးစေ့တွေ မပါရှိရေးအတွက် သန့်စင်မှုတွေ ဆောင်ရွက်ကာ စိုက်ပျိုးတာတွေ ပြုပြင်ထုပ်ပိုး သိုလှောင်တာတွေ ပြုလုပ်မယ့် လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံက စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့ မက္ကဒေးမီးယားစေ့တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ စိုက်ဧက ၁၂,၀၀၀ ခန့် စိုက်ပျိုးထားရှိတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံက သိရပါတယ်။

#PAN