နယ်စပ်ကို Star Link ပိတ်လိုက်လို့ အကြမ်းဖက်လော်ဘီပိုစ့်တွေ သိသိသာသာနည်းပါးလာ

(ပြည်တွင်း) အောက်တိုဘာ ၁၈

ကျားဖြန့်ထိန်းချုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာနဲ့ထိုင်းနယ်စပ် StarLink ​​ ဂြိုလ်တုအင်တာနက်အသုံးပြုမှုတွေကို ပိတ်သိမ်းလိုက်တာကြောင့် လူမှုကွန်ယက်တွေပေါ်က အကြမ်းဖက်သမားတွေရဲ့ လော်ဘီပိုစ့်တွေ သိသိသာသာနည်းပါးသွားတယ်လို့ ပြည်တွင်းက အင်တာနက်အသုံးပြုသူတွေကပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ Star Link ဂြိုလ်တုအင်တာနက်ကို အသုံးပြုနေ​တာတွေကြောင့် အမေရိကန်ကွန်ဂရက်ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းကော်မတီက Star Link ကုမ္ပဏီကို ဇူလိုင်ကစပြီး ကြားနာမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာထိုင်းနယ်စပ်က Star Link အင်တာနက်တွေဖြတ်တောက်ခံခဲ့ကြရတာပါ။

Star Link အင်တာနက်ကို နယ်စပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေအပြင် အဲ့ဒီနယ်မြေတွေကိုစိုးမိုးထားတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးလို အတွင်းပိုင်းကျတဲ့ အညာဒေသတစ်ချို့က အကြမ်းဖက်အဖွဲ့တွေလည်းအသုံးပြုနေတာတွေ ရှိနေပါတယ်။

“အစိုးရက တိုင်ပြည်တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်မှုတွေချုပ်ငြိမ်းရေးကိုရည်ရွယ်ပြီးတော့ လုံခြုံရေးအရ စိတ်မချရတဲ့နေရာတွေကို အင်တာနက်ပိတ်ထားတာတွေ့ရတယ်။ အဲ့ဒီနေရာတွေက အကြမ်းဖက်သမားတွေနဲ့ သူတို့ကိုအားပေးအားမြှောက်ပြုနေတဲ့သူတွေက တိုင်းပြည်မတည်ငြိမ်အောင် အစိုးရအပေါ်အထင်လွဲအောင် တပ်မတော်ကအမှား အကြမ်းဖက်ကအမှန်ဆိုတဲ့ပုံစံကိုပုံဖော်လိုတာကြောင့် StarLink အင်တာနက်တွေကိုစျေးကြီးကြီးပေးပြီးတော့ ဝယ်ယူအသုံးပြုနေတာတွေရှိတယ်။ အခုကျားဖြန့်ခေါင်းစဥ် အမေရိကန်က ပိတ်ခိုင်းတာဖြစ်လို့ မြန်မာပြည်အတွက် အကျိုးရလာဒ်ကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ပဲ ပြောရမယ်လို့” နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

လက်နက်ကိုင်အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို Star Link အင်တာနက်ကိုဖြတ်လိုက်လိုက်တာကြောင့် ဒီဒေသတွေမှာ အခြေပြုလုပ်ကိုင်နေတဲ့ အကြမ်းဖက်လော်ဘီတွေ အကြမ်းဖက်သမားတွေရဲ့သတင်းဌာနတွေ အဲ့ဒီဒေသတွေကို ငွေပို့ငွေလွှဲကိစ္စတွေဟာ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး Facebook လူမှုကွန်ယက်ကို အားထားအသုံးပြုနေတဲ့ အကြမ်းဖက် လော်ဘီတွေရဲ့ ရေးသားမှုတွေလည်း သိသိသာသာ လျော့နည်းသွားတာတွေ့ရတယ်လို့လည်း သူကပြောဆိုထားပါတယ်။

https://positiveanglenews.com/2025/10/18/လိုင်ဇာ-အသေခံဒရုန်းနဲ့-ပ/

Telegram – t.me/positiveanglenews

#PAN