
(ပြည်တွင်း) အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ ပဲ့ကန်ကျေးရွာ၊ ပျော်ဘွယ်-နတ်မောက် ကားလမ်းဘေး ၊ကွင်းအမှတ်(၇၆၉ )အတွင်းရှိ ယာကွက်တွင် ကိုယ်ထူကိုယ်ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားပြင်ဆင်နေ့သည့် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။
အောက်တိုဘာ ၁၆ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က စံပါယ်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးရဲမြင့် ဦးဆောင်၍ ပဲ့ကန်ကျေးရွာ ရပ်မိရပ်ဖ များမှ ပျော်ဘွယ်-နတ်မောက်လမ်းမှ ပဲ့ကန်(တောင်)ကျေးရွာ ဘုန်းကြီးကျောင်းသို့သွားသော လမ်းအား ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း အောင်ပွဲအထိမ်းအမှတ် ကျင်းပရန်ပြင်ဆင်နေစဉ် ဆိုင်ကယ် ၃ စီးဖြင့် အကြမ်းဖက်သမား PDF ၅ ဦးခန့် ရောက်ရှိလာပြီး ဦးရဲမြင့် နှင့် ကျေးရွာသူ/သားများအား လက်နက်ငယ်များဖြင့် ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမား PDF များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စံပါယ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးရဲမြင့်ပါ အမျိုးသား ၈ ဦး ကျည်ထိမှန်ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာနေ ဒေါ်ရီရီချိုတွင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
#PAN