ရော့ခ်တေးသီချင်းတွေရေးတဲ့ ​တေးရေး သော်ဒီဝေ ကွယ်လွန်

(ပြည်တွင်း) အောက်တိုဘာ ၁၆

ရော့ခ်တေးသီချင်းတွေကိုရေးသားနေတဲ့ တေးရေး သော်ဒီဝေ ဟာ ပြင်ဦးလွင်မှာ ဒီနေ့ညနေပိုင်း ၄နာရီခွဲအချိန်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

တေးရေးဆရာ သော်ဒီဝေဟာ အဆိုတော် လေးဖြူနဲ့ အငဲတို့အတွက် အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ရေးစပ်ခဲ့သူ လည်း ဖြစ်ပါတယ်။

အသက် ၇၁နှစ်အရွယ်ရှိတဲ့ ဆရာသော်ဒီဝေဟာ နှလုံးရောဂါကြောင့် ‌ဆေးကုသမှုခံယူနေရင်း ပြင်ဦးလွင်မြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

#PAN