မကွေးမြို့မှာ မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(B)ရပ်ကွက်၊ (၉)လမ်းရှိ ပိုင်ရှင် ဦးဝင်းလွင်ဦး၏ SUZUKI SWIFT အဖြူရောင်ယာဉ်သည် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်က ကားစက်နှိုးထားစဉ် ဆီတိုင်ဂီပန့်သို့ သွယ်တန်းထားသော ဝါယာကြိုးပေါက်ပြဲရာမှ မီးပွားထွက်ပြီး ဆီတိုင်ဂီသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ မကွေးမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် SUZUKI SWIFT အဖြူရောင်ယာဉ်၏ ရှေ့/နောက်ဆိုဖာထိုင်ခုံ(၄)လုံး၊ နောက်နေကာမှန်(၁)ချပ်၊ နောက်တာယာ(၂)လုံး၊ နောက်မီးခွက်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဝင်းလွင်ဦး(၃၀)နှစ်အား မကွေးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။