ကနီမြို့အနီးမှာ ၄.၅ အဆင့်ငလျင်လှုပ်

(မိုးဇလ) အောက်တိုဘာ ၁၃

ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၆၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကနီမြို့၏ အနောက်ဘက် (၂၁) မိုင်ခန့်အကွာမှာ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ (၁၂) နာရီ၊ (၁၀) မိနစ်၊ (၃၀) စက္ကန့်အချိန်တွင်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။

အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်သည် မမြောက်လတ္တီတွဒ် (၂၂.၄၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၂) ဒီဂရီ၊ အနက် (၈၄) ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

#PAN