ဘုတလင်မြို့နယ်၌ ဆောင်းနေကြာသီးနှံ ဧက ၁၈,၀၀၀ ကျော်စိုက်ပျိုးရန် လျာထား

(ပြည်တွင်း) အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် နေကြာသီးနှံဧက ၁၈,၀၀၀ ကျော် စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ဘုတလင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဘုတလင်မြို့နယ်၌ ဆောင်းနေကြာသီးနှံဧက ၁၈,၁၂၀ စိုက်ပျိုးရန် လျာထားပြီး အောက်တိုဘာလမှစတင်၍ ဒီဇင်ဘာလအထိ ထွန်ယက်စိုက်ပျိုးမှုများ ‌‌ဆောင်ရွက်မှာဖြစ်ပါတယ်။

ဘုတလင်မြို့နယ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် နေကြာစိုက်ပျိုးမည့်တောင်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာပေးသင်တန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ယခုနှစ် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများကို မျိုးစေ့များပံ့ပိုးပေးနိုင်ရေး၊ ယူရီးယား ဓာတ်မြေဩဇာများကို ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီမံထားရှိပြီး ထွက်ရှိလာသောနေကြာမျိုးများကို တောင်သူမှတောင်သူ ဖလှယ်သည့်နည်းစနစ်များဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။