(မှုခင်း) အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ် တွင် ယာဥ်များ အားစစ်ဆေးပြီးပြန်လာသည့် လုံခြုံရေးအဖွဲ့များလိုက်ပါလာသည့် မော်တော်ယာဥ်မှာ လက်ပစ်ဗုံးနှင့်အပစ်ခံရသည်ဟု သိရသည်။

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ နယူးစတားတည်းခိုခန်းအနီးတွင် ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ယာဥ်စစ်ဆေးမှုဆောင်ရွက်ပြီး ရဲကားအပြာရောင်ယာဥ်ဖြင့် ပြန်လာစဥ် ပညာရေးကောလိပ်ရှေ့အရောက်တွင် လော်ဂျား(အနက်ရောင်)ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးအနက် နောက်မှစီးနင်းလာသူက ရဲကားပေါ်သို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖြစ်စဥ်တွင် ယာဥ်နောက်ခန်း၌ လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း၊လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများမှာ မိတ္ထီလာ- ကျောက်ပန်းတောင်းသွားကားလမ်းအတိုင်း ကျောက်ပန်းမြို့ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

အဆိုပါအကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး လုံခြုံရေးအဖွဲ့များ ရှာဖွေဖော်ထုတ်နေသည်ဟု သိရသည်။
#PAN