မဲစာရင်းကိစ္စ မဟုတ်ဘဲ နှောင့်ယှက်တဲ့ ဖုန်းနံပါတ်တွေကို ပိတ်သိမ်းမယ်

(ပြည်တွင်း) အောက်တိုဘာ ၁၂

ထုတ်ပြန်ထားရှိတဲ့ ဖုန်းနံပါတ်တွေကို စုံစမ်းမေးမြန်းခြင်း၊ သတင်းပေးပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာတဲ့ဖုန်းနံပါတ်တွေကို မှတ်တမ်းတင်ကာ ဆင်းကတ်ကို ပိတ်သိမ်းသွားမယ်လို့ UEC က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မဲစာရင်းဆိုင်ရာ ကိစ္စရပ်​တွေနဲ့ စပ်လျဉ်းပြီး  မဲဆန္ဒရှင်​တွေအနေနဲ့ သိရှိလိုတာတွေကို စုံစမ်းမေးမြန်းနိုင်ဖို့နဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းပို့နိုင်ဖို့ ဆက်သွယ်ရမယ့် Call Canter ဖုန်းနံပါတ်တွေကို အသိပေးထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေက တာဝန်ခံဖြေကြားပေးမှာဖြစ်လို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။