(ပြည်တွင်း) အောက်တိုဘာ ၈
တပ်မတော်ကပြန်လည်ထိန်းချုပ်လိုက်တဲ့ ကျောက်မဲမြို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံခဲ့ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူ ၂၀၆ ဦး ကျောင်းအပ်နှံပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းအပ်နှံတဲ့ ကျောင်းသား/ ကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို အခမဲ့ တစ်ပါတည်းပေးအပ် နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့မှာရှိတဲ့ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေ အေးချမ်းစွာလူမှုစီးပွားဘဝလုပ်ကိုင်စား သောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝငတွေက နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN