ပဲခူးအရှေ့နဲ့ ပဲခူးအနောက်ကမြို့ ၂ မြို့မှာ PDF က ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်


(ပြည်တွင်း) အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့နယ်နဲ့ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းက ဖြူးမြို့နယ်တွေက ကျေးရွာတွေမှာ PDF က ပစ်ခတ်ဖောက်ခွဲမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအတွင်းကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က PDF အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗုံးသီးကျရောက်မှုကြောင့် ကျေးရွာမှာနေထိုင်တဲ့ မောင်အိုင်းစတိုင်းချစ်သူ (၁၆)နှစ်ရဲ့ ဝဲဘက်ရင်အုံမှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ကလည်း ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၁ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြား ညောင်ပင်သာ-စိမ့်ကြီးသွားလမ်းဆုံမှာ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ဟင်းငုတ်ပင်-သာယာကုန်းကျေးရွာကို သွယ်တန်းထားတဲ့ ၂၂၀ ဗို့အား လျှပ်စစ်ဓာတ်အားလိုင်းကြိုး တစ်ချောင်း ပြတ်တောက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

PAN