(ပြည်တွင်း) စက်တင်ဘာ ၂၂

သတင်းကျွတ်ပိတ်ရက်မှာ အပန်းဖြေသင့်တဲ့နေရာတွေထဲမှာ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ၁၆ မိုင်ဂိတ်ကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ဝါးနက်ဆင်စခန်းလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

အရိပ်အာဝါသကောင်းမွန်ပြီး အေးချမ်းစွာ အပန်းဖြေအနားယူနိုင်တဲ့အပြင် ဆင်တွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဝါးနက်ဆင်စခန်းကို လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် များပြားလာတယ်လို့ ဝါးနက်ဆင်စခန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။

အဆိုပါဆင်စခန်းမှာ ဆင်ကြီး ၈ ကောင်နဲ့ ဆင်ပေါက်ကလေး သုံးကောင်ရှိပြီး ဆင်တွေကို ဆင်စာဘူးဖေးကျွေးသူတွေ တစ်ပိုင်တစ်နိုင် ဆင်စာကျွေးသူတွေနဲ့ ဆင်ပေါက်ကလေး သုံးကောင်ကို လာရောက်ကြည့်ရှုသူကြောင့် လည်ပတ်သူများ ပြားလာတာဖြစ်တယ်လို့ တာဝန်ရှိသူကဆိုပါတယ်။
ပွင့်လင်းရာသီရောက်ပြီဖြစ်သလို မကြာခင် သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ရှည် ရောက်တော့မှာဖြစ်လို့ ဆင်စခန်းကို လာတဲ့သူပိုများသလို တစ်လကို လာရောက်လည်ပတ်သူ ၁၀၀၀ / ၁၅၀၀ ဝန်းကျင်လောက်ရှိပြီး ဝင်ကြေးက ပြည်တွင်းဧည့်သည်ဆိုရင် ၁၀၀၀ ကျပ်၊ ပြည်ပဧည့်သည်ဆိုရင် ၁၀၀၀၀ ကျပ်၊ ဆင်စီးခက ပြည်တွင်းဆိုရင် ၅၀၀၀ ကျပ်နဲ့ ပြည်ပဧည့်သည်ဆိုရင် ၁၀၀၀၀ ကျပ်ကောက်ခံတယ်လို့ ဆင်စခန်း တာဝန်ရှိသူက ပြောပါတယ်။
“ဒီနှစ် ခရီးသွားရာသီမှာတော့ စခန်းကနေ ၁ နာရီ လောက်သွားရတဲ့ ဆင်စခန်းအနီးက တော်တော်သာယာတဲ့ သုံးထပ်ရေတံခွန်ကို ဆင်စီးပြီး လမ်းတစ်ဝက်အထိ အလည်အပတ်ပို့မယ့် ဝန်ဆောင်မှု အစီအစဉ်ရှိတယ်လို့သိရပြီး လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ဆင်တွေက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး ၃၀ မိနစ်ဆင်စီးခရီးနဲ့ ဝန်ဆောင်မှုပေးခြင်း၊ ဆင်တွေကို အစာကျွေးခြင်း စတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အပန်းဖြေအနားယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။