(ပြည်တွင်း) စက်တင်ဘာ ၂၄
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူ သီတင်းပတ် ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) တက်ရောက်မယ့်အပြင် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၄ ရက်၊ ဒေသစံတော်ချိန်ညနေပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ ၊ အမှတ် (၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

အခုသွရောက်တဲ့ခရီးစဥ်ဟာ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို အလုပ်သဘောခရီးအဖြစ်သွားရောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်တယ်လို့လည်း သိရပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မော်စကိုမြို့ရှိ တည်းခိုမဲ့ ဟိုတယ်ကို ထွက်ခွာသွားတယ်လို့လည်း သိရပါတယ်။

#PAN