အင်းစိန်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရ

(မှု့ခင်း)စက်တင်ဘာ ၁၆

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ကမ်းနားအလယ်ရပ်ကွက်၊လှိုင်မြစ်လမ်းအမှတ်၄၈၀၊ မဟာထွန်းစတီးလုပ်ငန်းဆိုင်ရှေ့တွင် ဓားထိုးမှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ၁နာရီ၅၀မိနစ်အချိန်က မဟာထွန်းစတီးလုပ်ငန်းဆိုင်ရှေ့တွင် မောင်ဝေလင်း ၄၂နှစ် (ဘ)ဦးသောင်း အမှတ်၄၅၅သီရိရတနာလမ်းနေသူမှ ကိုဂတုံးဆိုသူအား ဓားဖြင့် ရင်ညွန့်ကို နှစ်ချက်ခန့်ထိုးသွားခဲ့ကြောင်း သိရသည်။

ဓားဒဏ်ရာရသူ ကိုကတုံးအား အင်းစိန်ဆေးရုံသို့ လူနာတင်ယာဥ်ဖြင့်ပို့ဆောင်ပေးပြီ တရာခံဖမ်းဆီး ရမိရေးအတွက် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လိုက်လံဖမ်းဆီးခဲ့ရာ တရာခံ ကိုဝေလင်းအား ယင်းနေ့ည၇နာရီခွဲအချိန်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

#PAN